#Encoder - Glenn or Keinzell
Review (Iceberg)
Alto Goldfilled ဟာ Tsukaima တွေနဲ့အတူ ပူးတွဲစာသင်ကြားရတဲ့ Ortigia မှော်ကျောင်းတော်ကြီးရဲ့ပထမနှစ်ကျောင်းသားလေးတစ်ယောက်၊ သူဟာ အခြားမှော်ပညာရပ်တိုင်းမှာ ထူးချွန်နေသော်ငြားလည်း အရေးအကြီးဆုံးဖြစ်တဲ့ သဘောတူညီချက်လုပ်ဖို့ Tsukaima ကို နှစ်ကုန်သည့်တိုင်အောင် ဆင့်မခေါ်နိုင်တဲ့အတွက် နှစ်ကျခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ စာကြည့်တိုက်ထဲ ရုတ်တရက်တွေ့လိုက်ရတဲ့ အတော်အတန်ဟောင်းနွမ်းနေတဲ့ ဆင့်ခေါ်ခြင်းစာအုပ်ကို အားထားပြီး ဆင့်ခေါ်မှုလုပ်လိုက်တဲ့အခါ ဆင့်ခေါ်မှော်စက်ဝိုင်းထဲက ထွက်လာတဲ့အရာကတော့ Vermeil ဆိုတဲ့ Oppai ကြီးကြီး Ero Akuma မ ဖြစ်ပြီး Alto ရဲ့ Tsukaima အဖြစ် သဘောတူညီချက်လုပ်ဖြစ်သွားပါတယ်။
Akuma တွေဟာ Alto တို့ကမ္ဘာကြီးထဲပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး ပုံမှန်အားဖြင့် Akuma တစ်ကောင်ကို မတော်တဆဖြစ်ဖြစ် တမင်ဖြစ်ဖြစ် ဆင့်ခေါ်လိုက်မိရင် ဆင့်ခေါ်သူကို အဲ့နေရာတင်ကိစ္စချောပေးပြီးတဲ့အပြင် ကပ်ဆိုးဆိုက်အောင်သောင်းကျန်းတတ်တဲ့ အင်မတန့်အင်မတန် အန္တရာယ်များလှတဲ့အရာတွေပဲဖြစ်ပါတယ်။ Alto တစ်ယောက် ကံကောင်းသွားရတာကတော့ သူဆင့်ခေါ်ခြင်းစာအုပ်လို့ထင်နေတဲ့ စာအုပ်ဟာ Vermeil ကို ချိပ်ပိတ်ထားတဲ့စာအုပ်ဖြစ်ပြီး သူ့ကို ချိပ်ပိတ်ခံထားရာက လွှတ်ပေးလိုက်တဲ့သူဖြစ်နေလို့နဲ့ Alto ရဲ့ mana ဟာ သာမန်သူတွေနဲ့ မတူကွဲပြားထူးခြားနေလို့ပါ။
ဒီလိုနဲ့ နှစ်ကျမယ့်ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပြီး အကြီးကျယ်ဆုံးမှော်ပညာရှင်ဖြစ်လာဖို့ရည်မှန်းထားတဲ့ Alto တစ်ယောက် Ero Akuma မမနဲ့အတူဖြတ်သန်းရမယ့် ကျောင်းသားဘဝခရီးလမ်းကို ခေါင်းကြီးတို့အကြိုက် အဖော်အချွတ် fan service တွေ၊ ero အခန်းတွေ တဖောတသီကြီးနဲ့ ရှုစားရမှာပါဖြစ်ပါတယ်။
အဓိကအသံသရုပ်ဆောင်များအနေနဲ့ Alto Goldfilled အဖြစ် Tokyo Revengers ထဲ Mikey အဖြစ်အသံသရုပ်ဆောင်ခဲ့တဲ့ Hirose Yuuya-san, Ero Akuma မမအဖြစ် Hiyori Iki (Noragami), Norman (Yakusoku no Neverland), Katarina Claes (Hamefura) စတဲ့ Notable Role တွေအများကြီးကို ရရှိထားတဲ့ Maaya Uchida-san တို့ပဲဖြစ်ပါတယ်။
Ver2 ဆိုသည်မှာ Op/Ed Theme Songs များပါ၀င်ပြီး အသစ် Encode ပေးထားတာဖြစ်ပါတယ်။
2 Comments
jjj
ReplyDeletejjj
ReplyDelete