Jujutsu Kaisen 2nd Season (2023)

#Translator - Rasa, Aristia
#Encoder - HHz

Review (Rasa)

ဂျူဂျူဆု ခိုက်ဆန်း Season 2 (Summer 2023)
အားလုံးသိကြမယ်ထင်ပေမဲ့ အခု season 2 အစမှာ လာမှာက Past Arc ဖြစ်ပြီး Gojo တို့ရဲ့ ကျောင်းသားဘဝကို ပြသွားမှာပါ။ ဇာတ်ရည်လည်ဖို့ဆို အရင်ဆုံး Tengen-sama အကြောင်းကို ရှင်းပြဖို့လိုတယ်ဗျ။ Tengen-sama ဆိုတာ မှော်ဆရာတွေထဲမှာမှ အကာအရံနည်းပညာမှာ အကြမ်းဆုံးသူပါ။ မသေမျိုးကျိန်စာနည်းပညာကို ပိုင်ဆိုင်ထားတယ်။ မသေနိုင်ပေမဲ့ အသက်ရွယ်အိုမင်းလာတာကိုတော့ မတားဆီးနိုင်ဘူးဗျ။ အသက်တစ်ခုကိုရောက်တဲ့အခါမှာ ကျိန်စာနည်းပညာက ခန္ဓာကိုယ်ကို ပြောင်းလဲဖို့လုပ်တယ်။ အဲဒီဖြစ်စဉ်ကို ဆင့်ကဲတယ်လို့ခေါ်တယ်။ လူသားထက်မြင့်တဲ့အဆင့်တစ်ခုကို တက်လှမ်းတာပေါ့။ ပြဿနာက အဲဒီအဆင့်ကိုရောက်ရင် အသိစိတ်က သေဆုံးသွားတာပါပဲ။ ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်တော့ဘူး။ Tengen ဟာ Tengen မဟုတ်တော့ဘူးဆိုတဲ့သဘောပါ။ အဲလိုဖြစ်သွားရင် သူစွမ်းအားပေးထားတဲ့ မှော်ကျောင်းတွေ၊ မှော်လောကရဲ့ထောက်တိုင်တွေကို ကာကွယ်နေတဲ့အကာအရံတွေက ပျက်စီးသွားမှာပါ။ အဲလိုကျ လုံခြုံရေးနေနေသာသာ မစ်ရှင်လုပ်ဖို့တောင် လွယ်တော့မှာမဟုတ်ပါဘူး။ အဆိုးဆုံးကတော့ လူသားမျိုးနွယ်ရဲ့ရန်သူတောင် ဖြစ်လာနိုင်တာပါပဲ။ အဲဒါကြောင့် နှစ် ၅၀၀ ကြာတိုင်းမှာ ကိုက်ညီတဲ့ vessel နဲ့ပေါင်းစပ်ပြီး ဆင့်ကဲဖြစ်စဉ်ကို တားဆီးတယ်။ အဲဒီ နှစ် ၅၀၀ ပြည့်တဲ့နှစ်က Gojo တို့ ကျောင်းသားဘဝမှာ ဖြစ်နေတာပါပဲ။ ဆိုတော့ Gojo နဲ့ Geto ​က အဲဒီ vessel ကောင်မလေးကို ကိုယ်ရံတော်လုပ်ပေးရဖို့ ဖြစ်လာခဲ့တယ်။ ကောင်မလေးကိုသတ်ချင်နေတဲ့ မလိုလားသူအဖွဲ့ကလည်း နှစ်ဖွဲ့ရှိနေပြန်တယ်။ အဲဒီထဲက တစ်ဖွဲ့က assassin တွေကို လွှတ်တယ်။ အဲဒီထဲကတစ်ယောက်ကတော့ မှော်ဆရာသတ်သမားလို့ နာမည်ဆိုးကျော်ကြားတဲ့ Megumi ရဲ့အဖေ Fushiguro Toji ပါပဲ။ Gojo vs Toji ရဲ့ ရှယ် battle ကို ကြည့်ရမှာပါ။ Vessel က Riko လို့ခေါ်တဲ့ ကောင်မလေးပါ။ Star Plasma Vessel (Seishoutai) လို့ခေါ်ပါတယ်။ ဘာသာပြန်တဲ့အခါ ဂျပန်နာမည်နဲ့ပဲ ထားသွားမှာပါ။ အကောင်းဆုံး quality နဲ့ တင်ဆက်ပေးသွားမှာမို့ Nani နဲ့ Anime Plus MM က​နေ ​အားပေးဖို့ ဖိတ်ခေါ်ပါတယ်။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads