Home Ads

Rurouni Kenshin: Meiji Kenkaku Romantan - Kyōto Douran (2024)

Translator & Encoder - Iceberg


Review (Iceberg)

Bakufu အစိုးရကို တွန်းလှန်တိုက်ထုတ်ပြီးဖော်ဆောင်ခဲ့တဲ့ Meiji ခေတ်ကြီးကိုတည်ဆောက်ရာမှာ လူကွယ်ရာကနေရော အများသူငှာရှေ့ကနေပါ အားဖြည့်‌ပါဝင်အကျိုးပြုပေးခဲ့တဲ့ လက်မရွံ့လူသတ်သမား Himura Kenshin ဟာ သတ်ဖြတ်ခြင်းကိုစွန့်လွှတ်ပြီး တာဝန်ကနေအငြိမ်းစားယူကာ အေးအေးချမ်းချမ်းပဲ လေလွင့်ဓားသမားလုပ်နေပါပြီ။ ပြဿနာကတော့ သူ့နေရာကိုဆက်ခံခဲ့တဲ့ လက်မရွံ့လူသတ်သမားလက်သစ် Shishio Makoto ဆိုသူပါ။ Shishio ဟာ Kenshin လိုပဲ ဓား‌‌ရေးပညာမှာရော အလုပ်လုပ်ရာမှာပါ လှည့်ကြည့်စရာမလိုသူတစ်ဦးဖြစ်သော်ငြား စိတ်နေစိတ်ထားအရ ဥဿုံလုံးဝစိတ်ချလို့မရနိုင်တဲ့လူစားမျိုးဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့အချုပ်အချာအာဏာကိုထိပါးလာနိုင်မယ့် Shishio ကို အစိုးရဘက်ကနေ လက်ဦးမှုရယူပြီး လက်စဖျောက်ဖို့ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ‌ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကလွတ်မြောက်သွားတဲ့ Shishio ဟာ လက်ရှိအချိန်မှာတော့ တိုင်းပြည်အာဏာကိုသိမ်းယူမယ့်အကြံဆိုးနဲ့ အင်အားစုကာ Kyōto မှာ မင်းမူလို့နေပါတယ်။ အားလုံးသိတဲ့အတိုင်း သတ်ဖြတ်ခြင်းကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီဖြစ်တဲ့ Kenshin ဟာ ဒီသွေး‌မြေမကျဘဲပြီးဆုံးဖို့မရှိတဲ့ အရေးအခင်းကြီးမှာ အစကတော့ ဝင်ပါလိုစိတ်မရှိခဲ့ပါဘူး။ သို့သော် Shisho ဘက်ကနေစပြီး ပြည်ထဲရေးဝန်ကြီး Ōkubo Toshimichi ကို လုပ်ကြံလိုက်တဲ့အချိန်မှာတော့ တည်ငြိမ်အေးချမ်းနေတဲ့ ဂျပန်နိုင်ငံတော်သစ်ရဲ့ငြိမ်းချမ်းရေးကို အမှန်တကယ်ခြိမ်းခြောက်လိုတဲ့ Shishio ကိုတားဆီးနှိမ်နင်းဖို့ရာ Kenshin တစ်ယောက် Kyōto ကို တစ်ကိုယ်တော်ခရီးခြေဆန့်ဖို့ဖြစ်လာခဲ့ပါတော့တယ်။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments