Home Ads

Kono Sekai wa Fukanzen Sugiru (2024)

#
Translator > No.6
#Encoder > LuisTheVI

Review (No.6)

Kono Sekai wa Fukanzen Sugiru (2024)

စကားချီ "ဒီကမ္ဘာကြီးဟာ မပြည့်စုံလွန်းပါ" တဲ့။ ဒီကားလေးရဲ့နာမည်က နည်းနည်းလေးတော့ထူးဆန်းတယ်နော်။ ဇာတ်လမ်းလေးကလည်း ထူးထူးဆန်းဆန်းကို ငြိမ်ငြိမ်လေးနဲ့ဆွဲခေါ်သွားမဲ့ပုံလေးလို့ ကျွန်တော်တော့ ခံစားမိတယ်။ "ဇာတ်အိမ်" အေးချမ်းနေတဲ့ နေ့ရက်တွေပဲရှိနေတဲ့ ရွာတစ်ရွာကို တစ်ရက် Dragon လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေက လာတိုက်ခဲ့ပါတယ်။ ထိုအချိန် ရုန်းရင်းဆန်ခတ်အခြေအနေတွေကြားထဲ ရွာရဲ့ စားတော်ဆက်မှာ အလုပ်လုပ်နေတဲ့ Nikola ဆိုတဲ့ ကောင်မလေးက ထိပ်သီးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Seeker အဖွဲ့က အရာရာတိုင်းမှာ ထူးချွန်တဲ့ Haga ဆိုတဲ့သူနဲ့တွေ့ခဲ့ကြပါတယ်။ ဒီလို Seeker အဖွဲ့အစည်းရဲ့ Haga က အဲရွာကို ဘာလာလုပ်တာဖြစ်မလဲ။ ဒါပေမဲ့ Haga ရော Nikola ရောမှာက လူသိလို့မရတဲ့ လျှို့ဝှက်ချက်ကိုယ်စီတွေ ရှိကြတယ်တဲ့။ အဲဒါက ဘာများဖြစ်မလဲဗျာ။

"ဇာတ်ကောင်များ နှင့် အသံသရုပ်ဆောင်များ " အဓိကဇာတ်ကောင်များ Nikola -Va:Hinaki Yano ရွာရဲ့စားတော်ဆက်မှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတစ်ယောက် Haga -Va:Kaito Ishikawa Seeker လို့ ခေါ်တဲ့ထိပ်သီးအဖွဲ့အစည်းမှာ အလုပ်လုပ်နေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး Akira -Va: Rie Takahashi ကျွန်တော်သိသလောက်တော့ Elf ဆိုတာပဲသိသေးတယ်ဗျ။ Va ကတော့ အကုန်ရင်းနှီးလောက်ပြီးသားပါဗျာ။ Amano - Va: Reiji Kawashima သူကလည်း မှော်အစွမ်းအသုံးပြုနိုင်တဲ့ အကောင်လေးတစ်ကောင် ဆိုတာပဲသိပါသေးတယ်ဗျ။ Mage တစ်ကောင်ဖြစ်မယ်ထင်တာပဲဗျ။ "အမျိုးအစား" အမျိုးအစားကတော့ Fantasy, Adventure, Seinin အမျိုးအစားပေမဲ့ Theme မှာ "Video Game" Theme အခြေခံထားတယ်ဆိုတော့ ထူးဆန်းတယ်နော်

"စတူဒီယို" စတူဒီယိုကတော့ Studio Palette နဲ့ 100studio က ပူးပေါင်းကိုင်တွယ်သွားမှာဖြစ်ပါတယ် "နိဂုံး" ဆိုတော့ကာ အဆုံးသတ်အနေနဲ့ Fantasy ဇာတ်အေးလေးတွေ ကြည့်ချင်နေတဲ့သူတွေအတွက်တော့ ဒီရာသီမှာ ဒီကားလေးကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့တော့ အကြုံပြုရင်း မင်္ဂလာညချမ်းလေး ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း စာလေးအဆုံးသတ်ပါရစေဗျာ။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments