Home Ads

Kami no Tou 2nd Season (2024)

#
Translator > No.6
#Encoder > HHz

Review (No.6)

Kami no Tou: Ouji no Kikan (2024)

ဒီကမ္ဘာကြီးထဲမှာ Tower ရဲ့ထိပ်ဆုံးကိုရောက်တဲ့ဘယ်သူမဆို ဘုရားသခင်က လိုရာဆုတစ်ခုကို ဖြည့်ဆည်းပေးလေ့ရှိတယ်တဲ့။ ဒါပေမဲ့ Tower ရဲ့ထိပ်ဆီကို သင်က ဘာကိုအလိုရှိလို့ တက်ချင်ပါသလဲ။ ရွှေငွေရတနာကြောင့်လား။ အာဏာကြောင့်လား။ ကောင်းကင်ဆိုတာမရှိတဲ့ ကမ္ဘာကြီးမှာ ကြယ်တွေကိုမြင်ချင်လို့လား။ အဲဒါတွေမှ မဟုတ်ဘူးဆိုရင် ကိုယ်ချစ်ရတဲ့သူကို တွေ့ချင်လို့လား။ အဲသလို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ Tower ထဲဝင်လာကြတဲ့ လူအမျိုးမျိုးရှိကြပါတယ်။ အဲထဲမှာတော့ ဒီတစ်ခေါက်မှာတော့ Tower ရဲ့ဘုရင်ဖြစ်ရမယ်ဆိုပြီးဝင်လာတဲ့ Ja Wangnan ဆိုတဲ့ ကောင်လေးတစ်ယောက်က အထပ် ၂၀ကနေ မတက်နိုင်ဘဲ တစ်နေပါသတဲ့။ ဒါပေမဲ့ တစ်နေ့မှာတော့ Viole ဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်နဲ့တွေ့ပြီး သူ့ကို သူ့ရဲ့ Regular အဖွဲ့ထဲကိုထည့်ဖို့ကြိုးစားရင်း ဘာတွေဖြစ်သွားကြမလဲ။ ကောင်လေးရဲ့ အိမ်မက်တွေကရော အမှန်တကယ်ဖြစ်လာနိုင်ပါ့မလား။


"အမျိုးအစား" အမျိုးအစားကတော့ Action, Adventure, Drama, Fantasy, Mystery အမျိုးအစားပါ။

"စတူဒီယို" စတူဒီယိုကတော့ The Answer Studio ကနေကိုင်တွယ်သွားမှာဖြစ်ပါတယ် "နိဂုံး" ဆိုတော့ကာ အဆုံးသတ်အနေနဲ့ ဒီရာသီမှာ ဒီကားလေးကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့တော့ အကြုံပြုရင်း မင်္ဂလာညချမ်းလေး ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း စာလေးအဆုံးသတ်ပါရစေဗျာ။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments