Metallic Rouge (2024)

#Translator > No.6
#Encoder > No. 6

Review (No.6)

ကဲ Full Metal Alchemist: Brotherhood တို့ My Hero Academia တို့ Noragami တို့ Bungou Stray Dogs တို့ Mob Psycho 100 တို့ Soul Eater တို့ Eureka Seven တို့ကို ကိုင်တွယ်ပေးခဲ့တဲ့ ကျွန်တော့် One of the Fav Studios ထဲက တစ်ခုဖြစ်တဲ့ Studio Bones က ၂၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ လာမဲ့ ရာသီမှာ Original Anime တစ်ခုကို ထုတ်လွှင့်ပေးသွားပါမယ်တဲ့။ (ဇာတ်ကား အချက်အလက်) နာမည်ကတော့ Metallic Rouge လို့ခေါ်ပြီး Sci-fi, Action အမျိုးအစားဖြစ်ပါတယ်။ အပိုင်းအရေအတွက်ကိုတော့ သေချာမသိရသေးပါဘူး။ ထုတ်လွှင့်မည့်ရက်စွဲ ကတော့ ၁လပိုင်း ၁၁ရက်နေ့ ၂၀၂၄ခုနှစ် ဖြစ်ပါတယ်။ (ဇာတ်ကောင်မိတ်ဆက်) ဒီကားရဲ့ အဓိကဇာတ်ကောင်များဖြစ်ကြတဲ့ Rouge Redstar ဟာ Nean လို့ခေါ်တဲ့ Android (လူဖန်တီးထားသော အသိဉာဏ်ရှိ စက်ရုပ်) တစ်ကောင်ဖြစ်ပါတယ်။ CV: Miyamoto Yume လူသိများသောဇာတ်ကောင်များ • Rikka(SSSS Gridman) • Mai( Josee, the Tiger and the Fish) • Nika(Gundam, the Witch from Mercury) Naomi Ortmann ကတော့ Rouge ထမ်းဆောင်ရမဲ့ အစိုးရလျှို့ဝှက်တာဝန်ရဲ့ Buddy အဖြစ် အတူတူ ထမ်းဆောင်ရင်း Support လုပ်ပေးမဲ့ Onee-san တစ်ဦးပဲဖြစ်ပါတယ်။ CV: Tomoyo Kurosawa လူသိများသောဇာတ်ကောင်များ • Amiya(Arknights) • Rebecca(Cyberpunk: Edgerunners) • Aya Rindo(Undead Girl Murder Farce) ဟုတ်ပါတယ်။ ခင်ဗျားတို့ အချစ်တော် ခေါင်းpyatစုံထောက်မမပါ။ (ဇာတ်လမ်းအပြင်အဆင်) Cyberpunk ဆန်ဆန်မြို့တွေ၊ ရောင်စုံအလင်းတွေရဲ့ တစ်ဖက်မှာ ပျက်စီးနေတဲ့ Nean တွေရဲ့ မြို့တွေကို မြင်တွေ့ရပါမယ်။ ပြီးတော့ Nean တွေရဲ့ တိုက်ပွဲတွေကို လှလှပပကြီး Animation အလန်းတွေနဲ့ ခံစားရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဥ်း) အေဒီ ၂၁၂၈ ခုနှစ်။ လူသားတွေနဲ့ Nean လို့ခေါ်တဲ့ Android တွေ အတူတူယှဥ်တွဲနေထိုင်ကြတဲ့ ကမ္ဘာကြီးမှာ Nean မလေး ဖြစ်တဲ့ Rouge ဟာ သူ့ရဲ့ Buddy Naomi နဲ့ အတူတူ အစိုးရက ပေးအပ်တဲ့ လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်လျက်ရှိပါတယ်။ အဲတာကတော့လူသားတွေကို အန္တရာယ်ပြုနေတဲ့ Immortal Nine ဆိုတဲ့ Nean ၉ ကောင် ကို ရှင်းဖို့ဖြစ်ပါတယ်။ - ကိုနံပါတ်ခြောက်

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads