Mato Seihei no Slave (2024)

#Translator > Iceberg
#Encoder > Iceberg

Review (Iceberg)

Mato (魔都)… ဂျပန်နိုင်ငံတစ်ဝန်း ရုတ်တရက်ပေါ်ထွက်လာတဲ့ “မုခ်‌ပေါက်” တွေနဲ့ဆက်နေတဲ့ “ရုပ်လောက” တစ်ခု။ ၎င်းရဲ့ပေါ်ထွက်လာခြင်းနဲ့အတူ ပါလာတဲ့အရာတွေကတော့ အသိဉာဏ်နိမ့်ပါးပြီး မဲမဲမြင်ရာတိုက်ခိုက်တတ်တဲ့ “Shuuki” ခေါ် မိစ္ဆာကောင်တွေနဲ့ “မိန်းမ” တွေကိုသာ သဘာဝလွန်စွမ်းအား‌တွေပေးစွမ်းတဲ့ “ထူးခြားမက်မွန်သီး” တွေပါ။ အဲဒီမက်မွန်သီး‌တွေကြောင့်ပဲ ယောက်ျားတို့ရဲ့ရပ်တည်မှုဟာ မိန်းမတို့အောက်ကို ကျရောက်ခဲ့ပြီး ဂျပန်နိုင်ငံတွင်းမှာသာမက ကမ္ဘာပေါ်မှာပါ ကြီးစွာ ပြောင်းလဲမှုတွေဖြစ်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ အစိုးရအထက်တန်းကျောင်းကို တက်နေတဲ့ သာမန်အရပ်သားလေး Wakura Yuuki တစ်ယောက်၊ ကျောင်းကနေ အိမ်အပြန်မှာ ကံမကောင်းအကြောင်းမလှဘဲ Mato ထဲကို လမ်းမှားရောက်သွားတာကနေစပါတယ်။ Mato ထဲရောက်ပြီး Shuuki အုပ်နဲ့သွားတိုးတဲ့ Yuuki ဟာ Mato ခုခံရေးတပ်မတော်၊ တပ်ရင်း ၇ ရဲ့တပ်ရင်းမှူး Uzen Kyoka ရဲ့ လာကယ်ခြင်းကိုခံခဲ့ရပေမဲ့ အရေးပေါ်အခြေအနေတစ်ရပ်ကြောင့် Kyoka ရဲ့အစွမ်း၊ “အနန္တသံကြိုး” သုံးတာကိုခံခဲ့ရပြီး သူ့ရဲ့ “ကျွန်(စစ်သား)” ဖြစ်လာခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ လူစွမ်းကောင်းသိပ်ဖြစ်ချင်တဲ့ Yuuki ကဝောာ့ ဒါကို ယောက်ျားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ‌ရှားပါးနေတဲ့ခေတ်ကြီးမှာ Mato ခုခံရေးတပ်ထဲ နေရာတစ်ခုကိုရပြီး သူလည်း လက်စွမ်းပြလို့ရမယ့်အခွင့်အရေးပဲလို့ မြင်ပြီးတော့ တပ်ရင်းမှူး Kyoka ရဲ့လက်အောက်မှာ အစွမ်းကုန်ကြိုးစားသွားဖို့ စိတ်ကူးနေပါပြီ။ သို့သော်ငြားလည်း Mato ထဲ ကြီးစိုးနေတာဟာ အသိဉာဏ်နည်းတဲ့ Shuuki ကောင်တွေပဲမဟုတ်ဘဲ တခြားသော အင်အားကြီးဖြစ်တည်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ တစ်စတစ်စပေါ်ထွက်လာခြင်းနဲ့အတူ ခေါင်းကြီးတို့အကြိုက် အဖော်အချွတ်အခန်းတွေ တဝကြီးနဲ့ စောင့်မျှော်ကြည့်ရှုရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။


Download ဆွဲဖို့ 🔽🔽🔽

Post a Comment

1 Comments

Emoji
(y)
:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:P
:o
:>)
(o)
:p
(p)
:-s
(m)
8-)
:-t
:-b
b-(
:-#
=p~
x-)
(k)

Home Ads