Majo to Yajuu (2024)

#Translator > No.6
#Encoder > No. 6

Review (No.6)

ခင်ဗျားတို့ "စုန်းမတစ်ယောက်ရဲ့ ကျိန်စာကို ဘယ်လိုပြယ်အောင်လုပ်ရမလဲ သိကြလားဗျ။ အဲဒီမှာ - နည်းလမ်း တစ် မြင်းဖြူစီးလာတဲ့ မင်းသားလေးတစ်ပါးစီက အချစ်စစ်ရဲ့ အနမ်းနဲ့လား။ - နည်းလမ်း နှစ် အမျက်ကြီးတဲ့ စုန်းမတစ်ယောက်ရဲ့စိတ်ပြောင်းသွားမှလား။ ဒါမှမဟုတ် နောက်တစ်နည်းက..." (ဇာတ်ကောင် မိတ်ဆက်) ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Duo ဖြစ်ကြတဲ့ Guideau (ギド, Gido) ကတော့ သူ့ကို ကျိန်စာတိုက်သွားတဲ့စုန်းမကို လက်စားပြန်ချေဖို့ လိုက်ရှာနေတဲ့ စိတ်တိုလွယ်ပြီး အရာရာမှာ စိတ်မြန်လက်မြန်ရှိတဲ့ကောင်မလေးပဲဖြစ်ပါတယ်။ CV: You Taichi လူသိများသောဇာတ်ကောင်များ • Ayanami(Azur Lane) • Kenya (Erased) • Akane (Chainsaw Man) Himeno ကို သေအောင် လုပ်တဲ့သူပါ။ Ashaf (アシャフ, Ashafu) ကတော့ Guideauက စုန်းမကို လက်စားပြန်ချေဖို့အတွက် ကူရှာပေးဖို့ရယ်၊စောင့်ရှောက်ပေးဖို့ လိုက်လာတဲ့ Mage တစ်ယောက် ဖြစ်ပါတယ်။ပြီးတော့ သူက The Order of Magical Resonance အဖွဲ့ရဲ့ မန်ဘာတစ်ယောက်လည်းဖြစ်ပါတယ်။ CV: Toshiyuki Morikawa လူသိများသောဇာတ်ကောင်များ • King Julius(Black Clover) • Sephiroth(Final Fantasy franchise) • Edger Allen(Bungou Stray Dogs) The Order of Magical Resonance ကတော့ မှော်ကိစ္စနဲ့ပတ်သက်တဲ့အမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ (ဇာတ်လမ်းအပြင်အဆင်) အနောက်တိုင်းဆန်ဆန် မြို့အလှတွေ၊ စက်မှုတော်လှန်ရေးအငွေ့အသက်တွေ၊ စုန်းမတွေ၊ မကောင်းဆိုးဝါးတွေ၊ မှော်တွေနဲ့ dark fantasy, Horror, Action အမျိုးအစား Anime တစ်ခုဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဥ်း) ခေါင်းတလားကြီးကိုကျောမှာလွယ်လာတဲ့ လူတစ်ယောက်နဲ့ စုန်းမရဲ့ ကျိန်စာကိုပြယ်ဖို့ စုန်းမကိုဗျင်းမဲ့ သားရဲမျက်လုံးတွေနဲ့ ကောင်မလေးတစ်ယောက်၊တစ်နေ့ စုန်းမတွေကို ကိုးကွယ်နေတဲ့ မြို့ကြီးတစ်မြို့ကို ရောက်သွားကြသောအခါ... - ကိုနံပါတ်ခြောက်

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads