Pluto (2023)

#Translator > Ma Thee
#Encoder > Storyteller

ဒီကားလေးကို Warkamouk မှဘာသာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်။

Review (Ma Thee)

စစ်လွန်ကာလတွေမှာ သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးပြီးထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ သူ့ရဲ့ချစ်စရာစိတ်နေသဘောထားတွေကြောင့် အကုန်လုံးဆီကအချစ်ပိုခြင်းခံလာခဲ့ရတဲ့ (39) ကြိမ်မြောက်အာရှစစ်ပွဲရဲ့နာမည်ကျော်ဆွစ်ဇာလန်နိုင်ငံထုတ်တိုက်ခိုက်ရေး "စက်ရုပ်လူသား" Montblanc တစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ နာမည်ကျော်ဖြစ်တာနဲ့အတူ အဲဒီအဖြစ်အပျက်ကြောင့် လူတွေရော စက်ရုပ်တွေပါမကျန် ကမ္ဘာတစ်ဝန်းလုံး စိတ်ထိခိုက်နာကျင်ကြကုန်တာဟာလည်း မလွဲဧကန်ပါပဲ။ ဒီအမှုကိုစုံစမ်းဖို့ စစ်မှုထမ်းဟောင်း ဥရောပသမ္မဂ စုံထောက် Gesicht ကို စေလွှတ်ခဲ့ကြပါတယ်။ Gesicht ဟာ Pluto တစ်လုံးကလွဲပြီး ဘာမှမသိရတဲ့ ဒီလျှို့ဝှက်ဆန်းကျယ်သေဆုံးမှုကြီးကို ဖော်ထုတ်ဖို့ကြိုးစားရင်း ထိတ်လန့်စရာအဖြစ်အပျက်ကြီးကိုပါ ရှာဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒါကတော့ ဒီအမှုဟာ Montblanc ကိုတင်မကဘဲ စစ်ပွဲမှာပါဝင်ခဲ့တဲ့ ကမ္ဘာအနှံ့က စက်ရုပ် (8) ရုပ်လုံးကိုပါ ဖျက်ဆီးပစ်ဖို့ကြိုတင်ကြံရွယ်ထားပြီးသားဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ Gesicht တစ်ယောက် တစ်ဖက်မှာ အသက်ရှင်ကျန်ရစ်နေသေးတဲ့ စက်ရုပ်လူသားတွေကိုကယ်တင်ဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း အမုန်းတရားပြည့်နှက်နေတဲ့ကမ္ဘာပေါ်က လူ့ကျင့်ဝတ်ဆိုင်ရာပြဿနာတွေ၊ အမှတ်တ‌ရတွေနဲ့ လုံးထွေးသတ်ပုတ်ရပါတော့တယ်။ လူသားရယ်၊ စက်ရုပ်ရယ်မခွဲခြားဘဲ အေးအေးချမ်းချမ်းအတူယှဉ်တွဲနေထိုင်နေကြတဲ့ကမ္ဘာကြီးကို ဟန်ချက်ပျက်မသွားအောင်ကာကွယ်ဖို့ အသည်းအသန်ရုန်းကန်ရင်း သူဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာကိုတော့ Warkamouk Subs Family ကနေ (၈)ပိုင်းတိတိ စောင့်မျှော်အားပေးကြပါဦးနော်။ သတင်းကောင်းပြောရရင်တော့ Monster Anime Series Author ရဲ့ နောက်ထပ်လက်ရာဖြစ်တာကြောင့် ဘယ်လို Masterpiece ဖြစ်လာမလဲဆိုတာလည်း ရင်ခုန်စရာပါပဲရှင်။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads