Goblin Slayer II (2023)

#Translator > Jake 
#Encoder > A Nge Lay 

Review (Jake)

2020 မှာ စပွဲဦးထွက်ခဲ့ပြီး Rating 6.6 အထိ ရထားတဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်။ Season 1 မှာ Goblin တွေကို အပီနွှာပြီး ကြမ်းပြခဲ့တဲ့ MC ဆိုရင်ဟာဖြင့် အခု S2 မှာလည်း သူမတူတဲ့ သတ်နည်းဖြတ်နည်းတွေနဲ့အတူ တစ်ဖန်ပြန်လည် ရောက်ရှိလို့လာခဲ့ပါပြီ။ "Goblin" monster တွေကြားထဲမှာဆို အသေးဆုံး၊ အနုဆုံ ၊ အကောက်ကျစ်ဆုံး ဆိုပြီးတော့ နာမည်တွင်တဲ့ monster တစ်မျိုး။ နုတယ်? ဒါကတော့ hunters တွေကြားထဲမှာ ရေပမ်းစားတဲ့ ယူဆချက်လေး တစ်ခုပါ။ ဒါပေမဲ့ သူတို့မသိလိုက်ခြင်းက Goblins တွေမှာလည်း ပါးတဲ့အကောင်နဲ့ ထူတဲ့အကောင်ဆိုပြီး ရှိသလို ရှင်သန်ကြီးပြင်းခဲ့တဲ့ ဘဝကြာရှည်မှုအပေါ်မူတည်ပြီး သန်မာမှု၊ ကောက်ကျစ်မှု၊ ခန္ဓာကိုယ်အရွယ်အစား အစရှိတာတွေပါ အချိုးအစားလိုက်ပြီး ပြောင်းလဲလာတယ်ဆိုတာပါပဲ။ အဲဒါကို နားလည်ထားတဲ့ MC ကတော့ Goblin တွေ အထာကိုနပ်တာကြောင့် ပလန်တွေအသေးစိတ်ချပြီး ဒီငနာကောင်တွေကို စမုံတုံးဖို့ ကြံပါ‌တော့တယ်။ S1 မှာလည်း တော်တော်လေး တုံးပေးခဲ့သလို၊ အခုလာမဲ့ S2 မှာလည်း မျိုးဖြုတ်ပေးဦးမှာပါ။ ဆိုတော့ သွေးသံရဲရဲ၊ တိုက်တာခိုက်တာတွေ ကြိုက်တယ်ဆိုရင်တော့ Goblin slayer က ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားပါ။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads