Home Ads

Otaku Elf (2023)

#Translator > BlueSpring22
#Encoder > HHz

Review (Nani)

Edo ခေတ်ကတည်းကနေ တည်ရှိလာတဲ့ နှစ်ပေါင်း 400 ကျော် သမိုင်းကြောင်းရှိခဲ့တဲ့ တိုကျိုက Takamimi နတ်ကွန်း၊ အဲနတ်ကွန်းမှာ အပူဇော်ခံထားရတဲ့နတ်ဘုရားမကတော့ တခြားမဟုတ် တခြားကမ္ဘာကနေဆင့်ခေါ်ခံထားရတဲ့ အိမ်တွင်းပုန်း Elf မလေး Eldali ဖြစ်ပါတယ်။ Otaku ပီပီ ဘာမှမလုပ်ချင်၊ ပျင်းရိနေလိုက်၊ anime ကြည့်လိုက်၊ figure ဝယ်လိုက်နဲ့ပေါ့။ လာလှူဒါန်းထားတဲ့ပိုက်ဆံတွေလည်း အဲလိုတွေသုံးဖြုန်းနေတဲ့ နတ်ဘုရားမလေးပါ။ ဒီနတ်ကွန်းရဲ့၁၅ယောက်မြောက် Miko ကတော့ 16 နှစ်ပဲရှိသေးတဲ့ Koito လို့ခေါ်တဲ့ကျောင်းသူလေးပါ။ သူ(မ) ကတော့ စည်းကမ်းတင်းကြပ်သူလေးဖြစ်ပြီး လူကြီးဖြစ်ချင်ကာ အမြဲ Eldali နဲ့စကားများကြသူလေးပေါ့။ ဒီကားကတော့ Miko ဖြစ်တဲ့ Koito နဲ့ နတ်ဘုရားမ Elf Eldali တို့ရဲ့နေ့စဥ်ဖြစ်ပျက်နေတာလေးကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments