Shiki (2010) BD

#Translator > Ma Thee
#Encoder > Storyteller

ဒီကားလေးကို Warkamouk မှဘာသာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်။

Review (Ma Thee)

ဆိုတိုဘရွာသူလေးမဲဂုမိ-ချန်းဟာ သက်ကြီးရွယ်အိုတွေများတဲ့သူမရဲ့ရွာလေးကို အတော်လေးစိတ်ကုန်နေသူပါ။ အဘိုးကြီးအဘွားကြီးတွေရဲ့ထုံးစံအတိုင်း အတင်းပြောမယ်၊ ရှေးရိုးစွဲမယ်၊ ‌ဘယ်လိုဘယ်ညာဝေဖန်တယ်ပေါ့လေ။ တစ်နေ့ သူတို့ရွာနားက ရမိုင်းရိဒေသခံသုံးယောက်ဆန်းဆန်းပြားပြားသေဆုံးသွားခဲ့တယ်။ ရဲတွေကတော့ သက်ကြီးရွယ်အိုတွေမို့လူကြီးရောဂါလို့ပဲ လွယ်လွယ်ခေါင်းစဉ်တပ်ပေမဲ့ ရွာကဆရာဝန်လေးကတော့ တစ်ခုခုကို သံသယရှိနေတာပါပဲ။ အလှကြိုက်တဲ့ "မဲဂုမိ-ချန်း" က မြို့ကြီးပြကြီးကပြောင်းလာတဲ့ (သူ့ကိုမြင်တိုင်းမျက်နှာလွှဲထားတဲ့) သစ်စိမ်းချိုး Crush ရယ်၊ ရွာပြင်တောင်ကုန်းပေါ်က ဘယ်သူမှပြောင်းမလာသေးတဲ့ အနောက်တိုင်းစတိုင်လ်အိမ်ကြီးရယ်ကို ခဏခဏစိတ်ကူးနဲ့ရူးနေတဲ့ ဆယ်ကျော်သက်ကလေးပါ။ ဒီကလေးမလည်း တစ်နေ့မှာတော့ သူရူးသွပ်ရတဲ့အိမ်ကြီးနားသွားရင်း ပျောက်ချင်းမလှပျောက်သွားပြီး ပြန်တွေ့တဲ့အခါ မယ်မယ်ရရရောဂါမတွေ့ဘဲ ရုတ်တရက်သေဆုံးသွားခဲ့တယ်။ အိမ်ကြီးကဆန်းကျယ်နေတာလား။ အိမ်ကြီးထဲကိုပြောင်းလာမဲ့လူတွေက ဆန်းကျယ်နေတာလား။ ရွာကိုက ထူးခြားမှုတွေပြည့်နှက်နေတာလား။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads