Another (2012) BD

#Translator > Ma Thee
#Encoder > Storyteller

ဒီကားလေးကို Warkamouk မှဘာသာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်။

Review (Ma Thee)

တိုကျိုမြို့သားလေး ဆကကိဘရာ-ကိုးအိချိ ဟာ အဖေဖြစ်သူရဲ့အလုပ်ကိစ္စကြောင့် အမေဘက်ကအဖိုးအဖွားရှိရာ နယ်မြို့လေးကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတက်ရောက်ရမဲ့ ယိုမိယာမခိတအလယ်တန်းကျောင်းရဲ့ ကိုးတန်း၊ အခန်း(3) က တခြားသောကျောင်းတွေ၊ အတန်းတွေနဲ့ပုံစံမတူဘဲ တစ်ခုခုကိုဖုံးကွယ်ထားသည့်ဟန် အနည်းငယ်ထူးဆန်းကွဲပြားနေပါတယ်။ ကိုယ့်ကိုမွေးပြီးချက်ချင်း မိခင်ဆုံးပါးသွားရလို့ လာလည်ဖို့တောင်စိတ်မသက်မသာဖြစ်ရတဲ့ ဒီမြို့လေးကို မဖြစ်မနေပြောင်းလာရတဲ့ ကိုးအိချိဟာ ကိုးတန်း၊ အခန်း(3) မှာ ဘယ်လိုအခက်အခဲတွေ ထပ်ကြုံရဦးမှာပါလဲ။ မဲအိရဲ့ဖြစ်တည်မှုအစစ်အမှန်ကရော ဘာပါလဲ။ လျှို့ဝှက်ဆန်းကျယ်မှုများစွာနဲ့ထူးကဲနေတဲ့ မဲအိကိုမှ အာရုံစိုက်မိသွားတဲ့ ကိုးအိချိကရော ကံကောင်းနိုင်ပါ့မလား။ ဘာမှန်းမသိတဲ့ဆက်နွယ်မှုတွေ၊ ကြည့်ရင်း ကြက်သီးထစရာကောင်းလာတဲ့ ရုပ်သေးအရုပ်ကလေးတွေကို ဇာတ်လမ်းနဲ့ ဘာဆက်စပ်နေနိုင်မလဲတွေးရင်း Anime horror series ကြိုက်သူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ Another ကို Warkamouk Fansub မှ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads