Undead Girl Murder Farce (2023)

#Translator - No.6
#Encoder - No.6

Review (No.6)

Light Novel အခြေခံထားတဲ့ ဒီ Anime ဟာ စုံထောက်ဇာတ်လမ်းတွေ၊ ထူးခြားဆန်းကြယ်တာမျိုးတွေ၊ သတ္တဝါဆန်းတွေနဲ့ ချတာမျိုးတွေကြည့်ချင်တဲ့ ကျွန်တော့်လိုလူတွေအတွက်ဆိုရင်တော့ အသင့်တော်ဆုံးဖြစ်မယ်ထင်ပါတယ်။ ဇာတ်ကောင်တွေအနေနဲ့ဆို Oni ကပြားဖြစ်တဲ့ မင်းသားရယ်၊ မသေမျိုးဖြစ်သော်လည်း အကြောင်းတစ်ခုကြောင့် ခေါင်း pyat ဖြစ်နေရတဲ့ မင်းသမီးရယ်၊ သေနတ်ကြီးတကားကားနဲ့ သူ့ရဲ့အိမ်ဖော်ရယ်၊ အဲခေတ်အခါက ဥရောပမှာ နာမည်ကြီးတွေဖြစ်ကြတဲ့ Sherlock Holmes နဲ့ သူ့ရဲ့တွဲဖက် Watson ရယ်၊ သူ့ရဲ့ပြိုင်ဘက်ကြီး Moriarty ရယ်၊ အဲတုန်းက နာမည်ကြီးခဲ့တဲ့ သူခိုးကြီး Lupin ရယ်၊ ဂမ္ဘီရပညာရှင် Crowley ရယ်နဲ့ ဇာတ်ကောင်တွေ စုံလင်လှပါတယ်။ တခြား အနေနဲ့ထပ်ပြောရရင်လည်း ဖရန်ကင်စတိုင်းတွေ၊ သမန်းဝံပုလွေတွေ၊ Yokai တွေ၊ ဗန်ပိုင်းယားတွေနဲ့ ဆိုတော့ ရှယ်ပဲနော်။ အဲတော့ ဒါလေးဖတ်ပြီးလို့ စိတ်ဝင်စားသွားပြီဆိုရင်တော့ ကြည့်ရှုပေးကြပါဦး။ Plot ကတော့ မပြောတော့ပါဘူး။ သိချင်ကြည့်ကြပါဗျာ။ အေးအေးဆေးဆေးလေးပဲ တင်ပါမယ်။ အပိုင်းကတော့ ၁၃ ပိုင်းအနေနဲ့လာပါမယ်ဗျ။

Download ဆွဲဖို့ 🔽🔽🔽

Post a Comment

0 Comments

Home Ads