Jigokuraku (2023)

#Translator - Rasa
#Encoder - HHz

Review (Rasa)

ဇာတ်လမ်းကတော့ အာဏာရှင်တစ်ယောက် လောဘရမက်ကြီးရာကနေ စတယ်။ မသိရှိရသေးတဲ့ ကျွန်းကြီးတစ်ကျွန်းရှိတယ်။ ထိုကျွန်းမှာ မသေမျိုးနတ်ဘုရားတို့ နေထိုင်တယ်။ သုခဘုံလို့လည်းခေါ်ကြတဲ့ သန့်စင်ထွတ်မြတ်တဲ့ မဟာနယ်မြေဖြစ်တယ်။ Elixir of Life (မြန်မာလိုဆို မသေဆေး၊ သက်ရှည်ဆေး၊ နုပျိုဆေး စသဖြင့် ကြိုက်ရာခေါ်နိုင်) ဆိုတဲ့ ဆေးရည်တစ်မျိုးရှိတယ်။ အဲ့လိုဒဏ္ဍာရီတွေ ရှိတယ်ပေါ့။ Bakufu (မျိုးရိုးစဉ်ဆက်အရိုက်ရာခံအာဏာရှင်မျိုးရိုး) က အဲ့သက်ရှည်ဆေးကို လိုချင်လို့ မသိရှိရသေးတဲ့ကျွန်းကို စူးစမ်းလေ့လာဖို့ လူတွေလွှတ်တယ်။ သွားတဲ့သူမှန်သမျှ ကျွန်းကနေ ပြန်မပေါ်လာကြတော့ဘဲ ပြန်လာတဲ့သူကျတော့လည်း အသိစိတ်မရှိတော့ဘဲ ခန္ဓာကိုယ်ကနေ ပန်းတွေပွင့် သစ်ခက်သစ်လက်တွေ ထွက်ပြီး ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ Bakufu က နိုင်ငံတဝှမ်းက သေဒဏ်ကျ အကျဉ်းသားတွေကို ခေါ်ပြီးတော့ လူနည်းစုပဲ ကျန်တဲ့အထိ အသေသတ်ပွဲလုပ်တယ်။ ကျန်ရစ်တဲ့ သေဒဏ်ကျအပြစ်သားတချို့ကသာ အဲ့ကျွန်းကို သွားခွင့်ရတယ်။ မက်လုံးကတော့ သက်ရှည်ဆေးယူလာပေးနိုင်တဲ့သူကို အပြစ်အားလုံးကနေ ကင်းလွတ်ခွင့်ပေးမယ်ပေါ့။ သေဒဏ်ကျနေတဲ့ကောင်တွေဆိုတော့ အမှောင်တိုက်ကြီး​ထဲ အလင်းစလေးမြင်လိုက်ရသလို တက်ကြွကုန်ကြတာပါပဲ။

ဇာတ်လိုက်ကျော်ကတော့ အဲ့အကျဉ်းသားတွေထဲက ဗလာနတ္ထိ Gabimaru လို့ခေါ်တဲ့ နင်ဂျာပါ။ နင်ဂျာရွာမှာမွေး နင်ဂျာရွာမှာကြီးတဲ့ သူ့အတွက်တော့ လူသတ်ရတာ ထမင်းစားရေသောက်အဆင့်ပါပဲ။ တစ်ရွာလုံးမှာ အကြမ်းဆုံးနင်ဂျာဖြစ်တာနဲ့အညီ သူကြီးက သူ့သမီးနဲ့ပေးစားထားတယ်။ တစ်ရက်တော့ ဟိုလိုဒီလိုနဲ့ အဖမ်းခံလိုက်ရတယ်ပေါ့။ အကောင်ကသေးသေးနဲ့ နှလုံးသားမရှိ သွေးအေး ရက်စက်တဲ့ မကောင်းဆိုးရွားလိုကောင်မျိုး။ သေဒဏ်ပေးတိုင်း ဘယ်လိုနည်းနဲ့မှ သတ်မရသူမို့ "ငါ့မှာ ဘဝအပေါ်ဖက်တွယ်မှု မရှိဘူး။ ငါ့ကိုသတ်ပေးစမ်းပါ" ဆိုတဲ့သူတစ်ယောက်။ Yamada Asaemon ဆိုတဲ့ ခေါင်းဖြတ်ကွပ်မျက်တဲ့အလုပ်ကို လုပ်ကိုင်ပြီး ကွပ်မျက်တဲ့ပညာမှာ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်လှတဲ့ မျိုးနွယ်စုတစ်ခုရှိတယ်။ လည်ပင်းတစ်ခုလုံးဖြတ်ပြီးတော့ အရေပြားမျှင်တစ်မျှင်လေးပဲ တန်းလန်းကျန်နေအောင် ခုတ်နိုင်တဲ့အထိ တော်ကြတယ်။ ထိုမျိုးနွယ်စုရဲ့ Sagiri ဆိုတဲ့ ကွပ်မျက်သူမိန်းကလေးက သူ့ကိုကွပ်မျက်ဖို့လုပ်တဲ့အချိန် သူ့မှာ အကြောက်တရားဝင်လာတယ်။ ဒီမိန်းမခုတ်ရင် သူသေကိုသေမှာ သူသိနေတယ်။ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဘဝအပေါ်ဖက်တွယ်မှု မရှိဘူးဆိုပြီး သူ့ကိုယ်သူလိမ်နေခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့မှာ ဖက်တွယ်မှုဟာရှိနေခဲ့ပါတယ်။ လူမိုက်ကြီးဟာ နူးညံ့ကြင်နာတတ်တဲ့ အိမ်သူဇနီးလေးကို ချစ်ခင်တွယ်တာနေခဲ့ပါပြီ။ ဇနီးသည်လေးနဲ့ ပြန်တွေ့ရဖို့အတွက် နှစ်ကိုယ်တူအေးချမ်းစွာ နေနိုင်ဖို့အတွက် အပြစ်ကင်းလွတ်ခွင့်ကိုယူဖို့ ကျွန်းပေါ်ကို အတူလိုက်ပါလာခဲ့ပါတယ်။

အပြစ်သားတစ်ယောက်စီအတွက် Yamada Asaemon မျိုးနွယ်ဝင်တစ်ယောက်စီ တွဲပေးထားတယ်။ ထွက်ပြေးဖို့ကြိုးစားရင် အရူးကွက်နင်းရင် တစ်ခါတည်း သတ်ပစ်ဖို့အတွက်ပေါ့။ သတိချပ်ရမှာကတော့ ကင်းလွတ်ခွင့်ရမှာ တစ်ယောက်တည်းပါ။လူသတ်ကောင်၊ ဓားပြ၊ လူသားစားတဲ့သူ၊ နင်ဂျာ ဘာညာနဲ့ လူမိုက်ပေါင်းစုံက ကျွန်းပေါ်ရောက်တာနဲ့ ပြိုင်ဘက်တွေကို လျော့ချပါတော့တယ်။ ဟုတ်ပါတယ် အချင်းချင်းစသတ်ကြတာပါ။ ကျွန်းပေါ်မှာ လူမဟုတ်တဲ့အရာကြီးတွေကလည်း ရှိနေသေးပြန်တယ်။ သူတို့လိုချင်နေတဲ့ ဆေးရည်ကိုရော ရသွားမလား။ ဘယ်သူရသွားမလဲ။ ကျွန်းပေါ်မှာ ဘယ်အရာတွေ တည်ရှိနေတာလဲ။ စသဖြင့်နဲ့ အပိုင်းတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။

Download Link (HEVC 1080p)

Ep01[v2] (321MB)

Mediafire / Datbu / Mega / StreamSB


Ep02 (294MB)

Mediafire / Datbu / Mega / StreamSB


Ep03 (381MB)

Mediafire / Datbu / Mega / StreamSB


Ep04 (413MB)

Mediafire / Datbu / Mega / StreamSB


Ep05 (332MB)

Mediafire / Datbu / Mega / StreamSB


Ep06 (423MB)

Mediafire / Datbu / Mega / StreamSB


***VPN ကို US, UK, Singapore, Japan, Australia စတဲ့ 5 နိုင်ငံကိုထားပြီး

Download လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်***


Ep07 (304MB)

Mediafire / Datbu / Mega / StreamSB


Ep08 (349MB)

Mediafire / Datbu / Mega / StreamSB


Ep09 (319MB)

Mediafire / Datbu / Mega / StreamSB


Ep10 (380MB)

Mediafire / Datbu / Mega / StreamSB


Ep11 (420MB)

Mediafire / Datbu / Mega / StreamSB


Ep12 (371MB)

Mediafire / Datbu / Mega / StreamSB


Ep13 (344MB)

Mediafire / Datbu / Mega / StreamSB


-----[END]-----


***VPN ကို US, UK, Singapore, Japan, Australia စတဲ့ 5 နိုင်ငံကိုထားပြီး

Download လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်***


ကျွန်တော်တို့ Nani Darkside ကနေတင်ဆက်ထားတဲ့ Hentai နဲ့ Anime များကိုရောင်းချခွင့်မပေးထားပါဘူး။ Messenger Gp, Telegram Gp တွေလုပ်ခြင်းလည်း ခွင့်မပြုထားပါဘူး။ ရောင်းနေတာကိုတွေ့ရှိခဲ့ပါကလည်း Report သာထုပေးကြပါ။ ဝယ်ယူခြင်းမပြုဘဲ ကျွန်တော်တို့ဆီကနေသာ အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Post a Comment

0 Comments

Home Ads