Shadows House 1st Season (2021) (BD ver.)

#Translator - Iceberg
#Encoder - Iceberg

Synopsis

အတက်လမ်း မီးရထားသံလမ်းတစ်လမ်းသာရှိပြီး အပြင်သူများတက်ခွင့်မရှိလို့ လူသူအရောက်အပေါက်ကင်းမဲ့တဲ့ တောင်တစ်တောင်ထိပ်၀ယ် Shadow လို့အမည်တွင်တဲ့ အထက်တန်းစားမိသားစုတစ်စုနေထိုင်ကြတဲ့ စံအိမ်ကြီးတစ်လုံးရှိသတဲ့။ ၎င်း Shadow အိမ်ထောင်စုဝင်တွေဟာ သာမန်လူများသဖွယ် အသားအရေ၊ မျက်နှာများမရှိဘဲ သူတို့ရဲ့အမည်အတိုင်း မည်းနက်တဲ့အသွင်သဏ္ဍာန်နဲ့ အရိပ်မည်းလူတွေဖြစ်ကြပြီး သူတို့ခန္ဓာတွေဟာ အချိန်နဲ့အမျှ ကျပ်ခိုးတွေကိုထုတ်လွှတ်နေတဲ့အပြင်ကို သူတို့ထိတွေ့တဲ့အရာတိုင်းဟာ ညစ်ထေးသွားကြတဲ့ ဆန်းကြယ်တဲ့ဖြစ်တည်မှုတွေဖြစ်တယ်။ Shadow အိမ်တော်မှာသတ်မှတ်ထားတဲ့စည်းမျဉ်းတစ်ခုကတော့ အရွယ်မရောက်သေးတဲ့ Shadow အငယ်လေးတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ရောက်သည့်တိုင် သူတို့ရဲ့ကိုယ်ပိုင်မျက်နှာ တဖြစ်လဲ သက်ရှိအရုပ်တွေနဲ့ကိုယ်စီ ကလေးသီးခြားအဆောက်အအုံမှာရှိတဲ့ သူတို့ကိုယ်ပိုင်အခန်းထဲမှာသာနေထိုင်ရမယ် ဆိုပြီးပါ။ သက်ရှိအရုပ်ဆိုသည်မှာ Shadow အိမ်တော်ကြီးရဲ့တည်ထောင်သူ Shadow တို့ရဲ့ဖခင်ကြီးမှ မျက်နှာမရှိကြလို့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်မဖော်ပြနိုင်တဲ့ Shadow တို့အတွက် ဖန်ဆင်းပေးထားတဲ့ လူတစ်‌ယောက်အသွင် သက်၀င်လှုပ်ရှားနိုင်တဲ့အရုပ်နဲ့ Shadow တို့ရဲ့ကိုယ်ပိုင်မျက်နှာတွေဖြစ်ပြီး သက်ရှိအရုပ်များအား မဆိုင်တဲ့အရာတွေကိုတွေးခြင်းအား ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။

Emiliyko ဆိုတဲ့သက်ရှိအရုပ်မလေးဟာ အင်မတန်တက်တက်ကြွကြွရှိပေမယ့် ရှက်ပြာရှက်ပြာနိုင်ပြီး အလုပ်လုပ်ရာမှာ ဟိုမှောက်ဒီခွဲဖြစ်နေတဲ့ တာဝန်စထမ်းခါစ အရုပ်မလေးဖြစ်ပြီးတော့ သူဟာ မကြာခင်ပွဲထွက်ရတော့မယ့် Kate လို့ခေါ်တဲ့ Shadow မလေးရဲ့မျက်နှာပါ။ များသောအားဖြင့် မျက်နှာတွေဟာ သက်ဆိုင်ရာ Shadow တွေနဲ့ စရိုက်ချင်းဆင်တတ်ပေမယ့် ဒီအတွဲမှာတော့ Kate ဟာ တည်ငြိမ်နူးညံ့လွန်းပြီး ဆိတ်ဆိတ်နေတတ်တဲ့စရိုက်မျိုးရှိပြီး မျက်နှာဖြစ်တဲ့ Emiliyko ကတော့ တက်တက်ကြွကြွနဲ့ ပွဲတိုင်းကျော်၊ သက်ရှိအရုပ်အနေနဲ့ မသိသင့် မတွေးသင့်တာတွေကို သိချင်ပြီး လိုက်တွေးနေမိတဲ့ ပြဿနာအိုးလေးဖြစ်နေတဲ့အတွက် နှစ်ယောက်သားဟာ စရိုက်တခြားစီဖြစ်နေတဲ့အပြင်ကို Emiliyko ရဲ့ သက်ရှိအရုပ်အချင်းချင်းမိတ်ဖွဲ့တာတွေ အကူအညီလိုနေတဲ့သူကို မျက်ကွယ်မပြုနိုင်ဘဲ ဇွတ်ကူညီတဲ့လုပ်ရပ်တွေဟာ Shadow အိမ်တော်ရဲ့ပုံသေကားချပ်စည်းမျဉ်းတွေကို သွေဖည်ခြိမ်းချောက်နေပြီး သူရဲ့သိချင်စူးစမ်းချင်စိတ်က သက်ရှိအရုပ်တွေရဲ့ဖြစ်တည်မှုနဲ့ Shadow အိမ်တော်ရဲ့လျှို့ဝှက်ချက်တွေကို တစ်စတစ်စ သိရှိ‌ဖော်ထုတ်လာနိုင်ပြီး ပြစ်ချက်ကင်းတဲ့စနစ်နဲ့လည်ပတ်နေတဲ့ အကြွင်းမဲ့ Shadow အိမ်တော်ကြီးအား ပုန်ကန်ဖို့အထိဖြစ်လာမှာကို ရသစုံလင်စွာနဲ့ ရှုစားရမှာပါ။

Studio အနေနဲ့ CloverWorks ဖြစ်ပြီး Manga Artstyle အတိုင်း သေချာလေး adapt ပေးထားတဲ့အပြင်ကို background scenerio တွေလုပ်ပေးထားတာက အခြားကားအများစုနဲ့မတူ တမူထူးနေပြီး သဘောကျစရာကောင်းပါတယ်။ S1 ရဲ့ OP Theme ဟာ [A Hollow Shadow] ဆိုတဲ့ orchestra type ဖြစ်ပြီး ED Theme ကတော့ ကာရံတွေရှယ်လန်းတဲ့ ReoNa ရဲ့ [Nai Nai] ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်။ Manga သမားတွေဆို Kate ရဲ့ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းဖော်ကျူးထားတဲ့ ဒီ ED ကို ပိုလို့တောင် သဘောတွေ့ကြမှာပါ။ အသံသရုပ်ဆောင်တွေထဲ သုံးပေးထားတာ သူ့ role နဲ့သူ တော်တော်လေးကိုပိရိဟန်ကျပြီး ပြောစရာမရှိသလောက်ပဲမလို့ အသေးစိတ်ကိုတော့ MAL မဟုတ်ရင် Wiki ကနေသာ သွားကြည့်လိုက်ပါတော့ဗျ။ တိုးလာတဲ့ cha. တွေရဲ့ cast တွေကိုတော့ post တင်ရင်းထည့်ပြောပေးသွားပါ့မယ်။ ဒါဖြင့်ရင် လာမယ့် 2022 Summer မှာ 2nd Season ထွက်တော့မှာဖြစ်ပြီး 2021 Spring ရဲ့ Hidden Gem ဖြစ်ခဲ့တဲ့ Shadow House ရဲ့ 1st Season ကို တဖန်ရှုစားလိုက်ကြရအောင်လား‌ဗျာ။


Download Link (BDRip 1080p x265 FLAC)


Ep01 (362MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep02 (361MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep03 (366MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep04 (364MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep05 (361MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep06 (360MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep07 (361MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep08 (361MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep09 (366MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep10 (368MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep11 (363MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep12 (361MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram


Ep13 (367MB) - Mediafire (or) Datbu (or) Yoteshin (or) Ugram [S1 END] 


S2 ဆီသို့ကြွလှမ်းရန် - Here



ကျွန်တော်တို့ Nani Darkside ကနေတင်ဆက်ထားတဲ့ Hentai နဲ့ Anime များကိုရောင်းချခွင့်မပေးထားပါဘူး။ Messenger Gp, Telegram Gp တွေလုပ်ခြင်းလည်း ခွင့်မပြုထားပါဘူး။ ရောင်းနေတာကိုတွေ့ရှိခဲ့ပါကလည်း Report သာထုပေးကြပါ။ ဝယ်ယူခြင်းမပြုဘဲ ကျွန်တော်တို့ဆီကနေသာ အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Post a Comment

0 Comments

Home Ads