Boku no Hero Academia the Movie 3: World Heroes' Mission (2021)

#Translator - Iceberg
#OST\Ed Translation - Iceberg 
#Encoder - Iceberg

Review (Iceberg)

2021 တုန်းက ရုံတင်ပြသခဲ့တဲ့ Boku no Hero Academia ရဲ့ 3 ကားမြောက်လာပါပြီ။ Anime အရ ဇာတ်အိမ်အား S5 အတွင်း Endeavor အေဂျင်စီမှာ Midoriya တို့ အလုပ်သင်သွားလုပ်နေတဲ့အချိန်မှာ တည်ထားတာဖြစ်ပြီး manga သမားတွေအတွက်ကတော့ အရင်ဇာတ်ကားတွေလိုပဲ non-canon ပါ။ သို့ပေမယ့် Studio Bones လက်ရာဖြစ်တဲ့အတွက် Animation ရှယ်ဂွတ်ပြီး ဇာတ်အိမ် ဇာတ်ကွက်တွေက နှစ်ခါပြန်ကြည့်ပျော်တဲ့အပြင် သုံးထားတဲ့ Asian Kung-Fu Generation ရဲ့ဇာတ်၀င်တေး ၂ ပုဒ်ဟာလည်း သူ့ဟာနဲ့သူနားထောင်လို့ကောင်းတဲ့အတွက် Boku no Hero Academia ပရိတ်သတ်မှန်ရင် ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။ မကြည့်ရသေးရင် တစ်ခါတည်းသာသွားကြည့်လိုက်ဖို့ ညွှန်းချင်ပေမယ့်လည်း မပါမဖြစ် အညွှန်းကိုတော့ လိုရင်းအကျဉ်း ရေးပေးလိုက်ပါမယ်။ ဇာတ်လမ်းရဲ့နိဒါန်းမှာ "Kosei ကမ္ဘာပျက်ကပ်အဆို" ဆိုတဲ့ အတွေးအမြင်အား လက်ခံယုံကြည်ထားကြတဲ့ Humarise ဆိုတဲ့အကြမ်းဖက်အဖွဲ့ဟာ Trigger Bomb ဆိုတဲ့ အင်မတန်အန္တရာယ်များလှတဲ့ Kosei ဆတိုးကိန်းအားပွားများ‌စေတဲ့ ဗုံးကိုအသုံးချကာ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပြီး Kosei ပိုင်ဆိုင်ထားသူမြောက်မြားစွာကိုအသက်ဆုံးရှုံးစေခဲ့ပါတယ်။ ဒါ့အပြင် ၎င်း Trigger Bomb ဟာ ထပ်ကာရှိကြသေးတဲ့အတွက် ထိုသို့ထပ်ဖြစ်မလာစေရန် Trigger Bomb များကိုရှာဖွေထိန်းသိမ်းဖို့နဲ့ ခေါင်းဆောင် Flect Turn အားဖမ်းဆီးဖို့ရာ ကမ္ဘာ့ထိပ်တန်းဟီးရိုးအဖွဲ့ကြီးအား အသီးသီးအဖွဲ့တွေခွဲကာ Humarise အဖွဲ့ခွဲများတည်ရှိရာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၂၅ နိုင်ငံဆီသို့ စေလွှတ်ခဲ့ကြပါတယ်။ သို့သော်ငြားလည်း သက်ဆိုင်ရာနိုင်ငံများဆီ အဖွဲ့အသီးသီးဆိုက်ရောက်ပြီး Humarise အဖွဲ့ခွဲများအား ၀င်စီးကြတဲ့အခါမှာတော့ ‌အဆောက်အဦးတိုင်းမှာ Trigger Bomb တွေရော ခေါင်းဆောင် Flect Turn ရောကို ရှာမတွေ့ခဲ့ကြတဲ့အပြင် ဖမ်းဆီးမိတဲ့ Humarise အဖွဲ့၀င်တွေဟာ Trigger Bomb တည်ရှိနေကြောင်းတောင်သိရှိမထားသူတွေဖြစ်တဲ့အတွက် ဟီးရိုးတွေဟာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ အသင့်အနေထားနဲ့‌ဆက်နေကာ ရှာဖွေမှုတွေဆက်လုပ်နေခဲ့ကြရပါတယ်။ အဲ့သလို ရှေ့ဆက်ဖို့ ဘာသဲလွန်စမှမရှိတဲ့အခြေအနေကနေ ဟီးရိုးတွေအနေနဲ့ Flect Turn နဲ့ Humarise အဖွဲ့ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာကို ရှုစားကြရမှာပဲဖြစ်ပါတယ်။

Download Link (Web-Rip 1080p)


Movie03 (1.8GB) - Yoteshin (or) Datbu (or) Streamtape (or) Mega


Special Episode (82MB) -  Yoteshin (or) Datbu (or) Streamtape (or) Mega



ကျွန်တော်တို့ Nani Darkside ကနေတင်ဆက်ထားတဲ့ Hentai နဲ့ Anime များကိုရောင်းချခွင့်မပေးထားပါဘူး။ Messenger Gp, Telegram Gp တွေလုပ်ခြင်းလည်း ခွင့်မပြုထားပါဘူး။
ရောင်းနေတာကိုတွေ့ရှိခဲ့ပါကလည်း Report သာထုပေးကြပါ။

ဝယ်ယူခြင်းမပြုဘဲ ကျွန်တော်တို့ဆီကနေသာ အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Post a Comment

0 Comments

Home Ads