Angel Densetsu (1996)

#Translator - Ba Thant
#Encoder - Natsu

Review (Ba Thant)

နတ်သားလေး၏ဒဏ္ဍာရီ (သို့) ဘီလူးခေါင်းနဲ့မင်းသားလေး နှင့် သောက်တလွဲလူမိုက်ကြီးများ...

Angel Densetsu Manga ဟာဆိုရင်တော့ဖြင့် ၁၉၉၂ ခုနှစ်မှာစတင်ထွက်ရှိခဲ့ပြီး ၂၀၀၀ခုနှစ်မှာအဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာကြောင့် Manga နဲ့ပြောရသလဲဆိုတော့... anime မှာက ၂ပိုင်းပဲရှိလို့ပါ... Anime အဖြစ် ၂ပိုင်းထဲသာထွက်ရှိခဲ့ပေမယ့် အဲ့ ၂ ပိုင်းမှာတင် ပရိတ်သတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Manga Promotion ဆင်းတာလား ဘာလားဆိုပေမယ့် အပိုင်း ၃ ဆက်ထွက်မယ်ဆိုတဲ့အနေအထားတွေလည်း ရှိခဲ့ပါတယ်။ (အခုတော့မဟုတ်ဘူးပေါ့) မတူညီတဲ့ရသတွေအပြည့်အဝခံစားချင်တယ်ဆိုရင်တော့ Manga ဖတ်ကြပါလို့တိုက်တွန်းပါရစေ

-Review-
ဒီ Manga ထွက်ရှိခဲ့တဲ့အချိန်အခါဟာ ဆိုရင်တော့ဖြင့် ဂျပန်မှာ Yankee မန်ဂါတွေဖုန်ထတဲ့အချိန်ဖြစ်ပါတယ်။ (မှတ်ချက် - အမေရိကန်လူမျိုးနွယ်တစ်စုအား ဆိုလိုချင်းမဟုတ်) ဆိုတော့ ဒီမှာလည်း ယန်းကီးတွေဖုန်ထကြတာပေါ့ဗျာ။
အဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကတော့ သောက်ကျိုးနည်းလောက်အောင်ကိုရိုးသားဖြူစင်ပြီးစိတ်ထားအလွန်ကောင်းမွန်တဲ့အဖြူထည်လေးပေါ့။ ဒါပေမယ့် လူတိုင်းလိုပဲ သူ့မှာလည်း အားနည်းချက်လေးတစ်ခုရှိပါတယ်။ သူ့ရုပ်က သောက်ကျိုးနည်းအောင်ကို ကြောက်ဖို့ကောင်းနေတာပါ။ မသိရင် သေရွာပြန်လူမိုက်ကြီးလိုလိုဘာလိုလိုပေါ့။
ဆိုတော့ ဇိုးရုပ်နဲ့ စိတ်ထားကောင်းတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတစ်ယောက် ယန်းကီးတွေဖုန်ထနေတဲ့ခေတ်အခါကြီးမှာ သူ့ရဲ့ဘီလူးပါမေ့လဲလောက်တဲ့ရုပ်ကြီးနဲ့ ဘယ်လိုတလွဲတွေဖြစ်ကြမလဲ ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးက တစ်ယောက်စကားကနေတစ်ယောက် ကောလဟာလတွေပျံ့၊ မဟုတ်တာအဟုတ်ထင်၊ တဖြည်းဖြည်းနဲ့ အကျယ်အကျယ်ဖြစ်... ဆိုတော့ အချိန်ပြည့်လွဲနေပြီးရယ်နေရမှာပါ။ နှစ်ပိုင်းထဲရှိပေမယ်လို့ လက်လွှတ်မခံဘဲ
ပိတ်ကားပြင် အဲလေမှားလို့ ဖန်သားပြင်ထက်တွင်ရှု...


Download Link (DVD 576p)

Ep01 (160MB) - Mediafire (or) Datbu (or) Streamtape


Ep02 (163MB) - Mediafire (or) Datbu (or) Streamtape [END]


ကျွန်တော်တို့ Nani Darkside ကနေတင်ဆက်ထားတဲ့ Hentai နဲ့ Anime များကိုရောင်းချခွင့်မပေးထားပါဘူး။ Messenger Gp, Telegram Gp တွေလုပ်ခြင်းလည်း ခွင့်မပြုထားပါဘူး။ ရောင်းနေတာကိုတွေ့ရှိခဲ့ပါကလည်း Report သာထုပေးကြပါ။ ဝယ်ယူခြင်းမပြုဘဲ ကျွန်တော်တို့ဆီကနေသာ အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Post a Comment

0 Comments

Home Ads