Review (FYanime)
သူ့ကိုအချို့က အရပ်12ပေ ရှိပြီးလက်နက်ကြီးတစ်ခုကိုင်ဆောင်တယ်တဲ့။ အချို့ကျတော့ ခြေတံတိုတိုနဲ့ အနီရောင်အကျဝတ်ထားတယ်တဲ့။ အချို့ကျတော့အနီရောင် coatဝတ်ပြီး ဆံပင်အဝါရောင်ရှိတဲ့သူပါတဲ့။ အံ့ဩဖို့ကောင်းတာက အဲ့ဒါတွေအကုန်လုံးက လူတစ်ယောက်ကိုရည်ရွယ်ပြီးပြောနေကြတာပါပဲ။
အဲ့လူနာမည်က “Vash the Stampede“တဲ့။
Vash ဆိုတာက ပေါ့သေးသေးကောင်တော့မဟုတ်။ သူ့ရဲ့ခေါင်းက $$60 billion တန်တယ်။တနည်းအားဖြင့် သူက ကြေးစားတွေရဲ့ သားကောင်ပေါ့။ တော်တော်လည်းဆိုးတယ်လို့ ပြောကြတယ်။ မိန်းမကော ကလေးကော သတ်တဲ့ကောင်။ သူသွားတဲ့နေရာတိုင်းမှာ အပျက်အစီးနဲ့အသေအကြေတွေကိုသာထားခဲ့တဲ့သူမို့လို့ သူ့ကို မုန်တိုင်းလူသား လို့တောင်ခေါ်ကြသေးတာ။ ပြီးတော့ သူ့ကိုသေချာမြင်ဖူးတဲ့လူဆိုတာ မရှိ။ ဘာလို့လဲဆိုတော့ သူ့နဲ့မျက်လုံးချင်းဆုံမိတဲ့သူတိုင်း သူ့ရဲ့ကျည်ဆန်တွေကြားမှာ အသက်ပါသွားလို့ပဲ။ Vashကို ကြေးစားတွေအသည်းအသန်ရှာနေတဲ့အချိန်ပေါ့။ အဲ့လိုရှာနေတဲ့အထဲမှာ Bernardelli Insurance Society က အလုပ်သမားတွေဖြစ်တဲ့ Meryl Stryfe နဲ့ Milly Thompson ဆိုတဲ့ စော်လေးနှစ်ပွေလည်းပါတယ်။ ဒါပေမယ့် သူတို့က vash ကို လိုက်ဖမ်းကြတာမဟုတ်ပဲ အလုပ်ကိစ္စတစ်ခုနဲ့လိုက်ရှာကြတာ။ ဒါပေမယ့် vash အကြောင်း ကောလဟောလတွေသိသွားတာကြောင့် တော်တော်ကြောက်သွားပေမယ့် အလုပ်ကိစ္စကလည်းရှိသေးတာမို့ Vash the stampede ကိုလိုက်ရှာကြပါတော့တယ်။
Vash က ကောလဟာလတွေထဲကလူမျိုးလား? ဒါမှမဟုတ် အဲလိုမဟုတ်ပဲနဲ့ တက်တက်စင်အောင်လွဲနေမလား? စကီလေးနှစ်ယောက်ရဲ့အလုပ်ကိစ္စကကော ဘာများဖြစ်နေမလဲဆိုတာကတော့…ချုံပြောရရင်တော့ Trigun ကတော်တော်ကောင်းတဲ့ anime ဖြစ်ပြီး သေနတ်သံတွေ space ကိုကြိုက်တဲ့သူတွေအတွက်ကတော့ လုံးဝကြည့်လို့ကောင်းမယ့် anime ဖြစ်ပါတယ်။
Download Link (540p)
Episode 01 to 26 – Mediafire (or) Datbu
0 Comments